မီးခွက်ပေါင်း လေးသောင်းခွဲကျော် မျှောမယ့် မဒေါက်မြို့က မီးမျှောပွဲတော်

-------- အကုန်သိသတင်းဌာန ------- မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ တန်ဆောင်တိုင်မီးမျှောပွဲတော်ကို ယနေ့ နိုဝင်ဘာလ ၁၉ ရက်မှ စတင်ပြီး ၂၃ ရက် အထိ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါပြီ။ ၄၆ ကြိမ်မြောက်ရှိပြီဖြစ်တဲ့ အဆိုပါမီးမျှောပွဲတော်မှာ မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ၊ လက်ဝှေ့ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ အဆိုတော်များ၏သီဆိုဖျော်ဖြေပွဲများစွာလည်း စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ရိုက်ကူး - ကိုထွေး (ညောင်လေးပင်) ၊ တည်းဖြတ် - ကိုမိုး