ယာဉ်ထိန်းရဲကို သေနတ်နဲ့ ပစ်သူက မွန်လက်နက်ကိုင်အဖွဲ့ မှ မဟုတ်ဟု ဆိုလာ

ယာဉ်ထိန်းရဲကို သေနတ်နဲ့ ပစ်သူက မွန်လက်နက်ကိုင်အဖွဲ့ မှ မဟုတ်ဟု ဆိုလာ -------- အကုန်သိသတင်းဌာန --------- လိုင်စင်မဲ့ ကားတစ်စီးကို ဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲကို လက်နက်ကိုင်အဖွဲ့ တစ်ခုရဲ့ အရာရှိအဆင့်ရှိသူ ဆိုသူက သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ဖြစ်စဉ်မှာ မွန်လက်နက်ကိုင်အဖွဲ့ အမည်ကို အယောင်ဆောင် အလွဲသုံးစားလုပ်ပြီး ကတ်အတုတွေ ထုတ်ထားသူသာ ဖြစ်ကြောင်းနဲ့ မွန်လက်နက်ကိုင်အဖွဲ့ မှာ ဒီနာမည်နဲ့ လူပုဂ္ဂိုလ် တစ်ဦးမှ မရှိကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ က တာဝန်ရှိသူတစ်ဦးက ပြန်ရှင်းပါတယ်။ ရိုက်ကူး - ဇင်မိုး ၊ တည်းဖြတ် - သူရိန် ၊ တင်ဆက် - သိမ့်အေးချမ်း