ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့် မငတ်ရုံတမည်ပဲ ကျန်တော့တယ်လို့ ကွန်တိန်နာသမားတွေ ပြော

ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့် မငတ်ရုံတမည်ပဲ ကျန်တော့တယ်လို့ ကွန်တိန်နာသမားတွေ ပြော --------- အကုန်သိသတင်းဌာန ---------- “ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ၀န်ကြီး ဦးမြင့်သောင်း၊ ၀န်ကြီး ဒေါ်နီလာကျော်တို့ ကို ဦးတို့ ပြောတယ်။ ၀န်ကြီးချုပ်ကိုယ်တိုင်က ဘာပြောလဲဆိုတော့ “ ခင်ဗျားတို့ ကို ချမ်းသာအောင် လုပ်ပေးမယ်လို့ အဲဒီအချိန်က MIP မှာ ပြောခဲ့တယ်။ ၀န်ကြီးချုပ်ကြီးရဲ့ စကားက အင်မတန်မှာကို ၀မ်းသာစရာကောင်းတယ်။ ချမ်းသာအောင်လုပ်ပေးမယ်ဆိုတော့။ ဒါပေမဲ့ ယနေ့ ခုချိန်မှာ ချမ်းသာအောင်မပြောနဲ့ ယာဉ်မောင်းတွေ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်နဲ့ ပတ်သက်တဲ့ လုပ်သားတွေအားလုံးက မငတ်ရုံတမည်ပဲ ရှိတော့တယ် “ (ဦးရဲခေါင်) ကုန်သေတ္တာယာဉ်အသင်း ဗဟိုအလုပ်အမှုဆောင် အောက်တိုဘာ ၁၁ ရက် က ကွန်တိန်နာယာဉ်များ လမ်းပိတ်ဆန္ဒပြခဲ့မှုနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ ကို ကုန်သေတ္တာယာဉ်အသင်းဘက်က ပြန်လည်တုံ့ ပြန်ခဲ့သော စကား။ ရိုက်ကူးမေးမြန်းတည်းဖြတ် - သီဟ