တမူထူးတဲ့ ကမောက်ကမ ဟာသအမြူးလေးတွေနဲ့ ဓါးငပြူး

တမူထူးတဲ့ ကမောက်ကမ ဟာသအမြူးလေးတွေနဲ့ ဓါးငပြူး ------ Movie Review ------- “သူရဲကောင်းငပြူး၊ ဘိုးတော်ငပြူး၊ ဓါးငပြူး“ ဆိုပြီး ဘွဲ့သုံးဘွဲ့နဲ့ နာမည်ကြီးနေတဲ့ “ငပြူး“ 👁️👁️ မူးလာပြီဆိုရင် တစ်ရွာလုံး မပြောနဲ့ ခွေးတောင် ကြက်သီးထတဲ့ ပန်းသေးကုန်း လူမိုက်ကြီး “လေမိုးမှောင်“ 😎😎 တစ်ဂူတည်းမှာ နေရာကြပ်လို့ နှစ်ကောင်မအောင်းနိုင်တဲ့ ဓါးငပြူး နဲ့ လေမိုးမှောင်တို့ ဆရာကြီး နှစ်ယောက် နှလုံးသားချင်း စစ်ခင်းပြီး အကြိတ်အနယ် ပွဲကြီးပွဲကောင်း ယှဉ်ပြိုင် တိုက်ခိုက်ကြပုံကို မြင့်မြတ်၊ ရွှေသမီးနဲ့ ခင်လှိုင်တို့ ဦးဆောင်ပြီး ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ “ဓါးငပြူး“ ရုပ်ရှင်ကားကြီးကို ဒီတစ်ပတ် Movie Review အတွက် ရွေးချယ်လိုက်ပါတယ်။ တင်ဆက် - အိဖြူသိမ့် ၊ တည်းဖြတ် - သူရိန်