ငွေနောက်လိုက်ရင်း လမ်းမှားမရောက်ဖို့ ပညာပေးမယ့် ချူဆီ

ငွေနောက်လိုက်ရင်း လမ်းမှားမရောက်ဖို့ ပညာပေးမယ့် ချူဆီ ------------ Movie Review ------------ အပတ်စဉ်တင်ဆက်ပေးနေကျ Movie Review ပရိသတ်ကြီး မင်္ဂလာပါ ...... ။ ဘ၀အမောတွေ ပြေစေဖို့ ရည်ရွယ်တင်ဆက်ပေးနေတဲ့ Movie Review အစီအစဉ်လေးတင်ဆက်ပေးရမယ့် အချိန်ရောက်ရှိလို့လာပါပြီ။ ဒီအစီအစဉ်ကနေ အပတ်စဉ် ရုံတင်ပြသနေတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ မိတ်ဆက် တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ KTV မှအလုပ်လုပ်နေတဲ့ မိန်းကလေးတွေရဲ့ ဘ၀အကြောင်းကို ပညာပေးရိုက်ကူးထားတဲ့ ချူဆီဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်ညွှန်း မိုးနီလွင်နဲ့ ဒါရိုက်တာ မင်းဦးက ဖန်တီးပုံဖော်ပေးထားပြီး ကျော်ထက်အောင်၊ အိချောပို၊ အေးမြတ်သူ၊ မယ်လိုဒီ၊ နန်းစုဦး၊ မေတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ငွေနောက်ကို လိုက်ရင်းလိုက်ရင်း လမ်းမှားကိုရောက်သွားတဲ့ မိန်းကလေးတွေအတွက် ပညာပေးတင်ဆက်ပေးထားတာဖြစ်လို့ Movie Review ပရိသတ်ကြီး အကြိုက်တွေမယ့်လို ထင်မြင်မိပါတယ်။ အကုန်သိ ရုပ်သံရဲ့ Movie Review အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၃ နာရီမှာ တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ကြပါပြီ ...... ။ တင်ဆက် -အိဖြူသိမ့် တည်းဖြတ် - သူရိန်